Thursday, March 29, 2012

မြိတ်ဘက်မှာ ဒီလိုတောင်းနေတာကြာပြီ

 
တနင်္သာရီကမ်ရှိးတန်းတလျှောက်လက်နက်ကိုင်ဓါးမြတိုက်ဆက်ကြေးလိုက်တောင်းနေတဲ့က်လှေငယ်များမှာ
 ရေတပ်နဲ့ ကြည်းတပ် က စက်လှေများ ဖြစ်နေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ရေတပ် စစ်သင်္ဘော အမှတ်( ၄၀၅ ) က တရားဝင်ငါးဖမ်းစက်
လှေများကို လက်နက်ငယ်  ( G 3 ' G 4 ) များဖြင့်လိုက်လန်ပြစ်ခတ်ဖမ်းဆီးကာ  ငါးဖမ်း

Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာလာပြီ

 
မြိတ် ခရီးစဉ်တွင် ဒေသခံများကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung Koe / Facebook)
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့်

Sunday, March 25, 2012

ကမ္ဘာဘဏ်ဥက္ကဌတောင်ကိုးရီးယားသားဖြစ်ဖို့ရှိ


(ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဖြစ်လာမယ့် ကိုရီးယားလူမျိုး မစ္စတာကင် ရဲ့ အနုပညာဗီဇ)
ကမ္ဘာ့ဘဏ်ကို စတင်ထူထောင်တဲ့အချိန်ကစလို့ နှစ်ပေါင်း ၇၀ လုံးလုံး ဥရောပသား လူဖြူတွေကချည်း ကြိုးကိုင်လာရကနေ အခုတော့ အာရှနွယ်ဖွားတယောက်ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ကိုရီးယားလူမျိုးတယောက်ကို ခန့်မလို့ လျာထားလိုက်တာပါ။ ကမ္ဘာ့ဘဏ် ဥက္ကဌနေရာကို မြန်မာလူမျိုးတယောက်ဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကတော့ ဆက်ဆွေးနွေးတာပေါ့။
အာရှနွယ်ဖွားတယောက် ကမ္ဘာ့ဘဏ်ဥက္ကဌဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ အကြောင်း

အခွန်ကောက်မည်မကြာမှီ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် ၀င်ငွေခွန်ကို ဧပြီလမှ စတင်ပြီး ကောက်ခံတော့မည်ဖြစ်ကြောင်း ဦးစီးဌာနအတွင်း ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
          ထိုညွှန်ကြားချက်တွင် အခွန်စည်းကြပ်ရန်အတွက် အသေးစိတ်တွက်ချက်နည်းများကို ဖော်ထားပါသည်။ ထိုသို့ တွက်ချက်ရာတွင် မူရင်းလစာအပြင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀အပါဝ်င လစာဝင်ငွေ စုစုပေါင်းပေါ်တွင် ၁ % မှ ၃% အထိ ၀င်ငွေအဆင့်အလိုက်တွက်ချက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
          ကာကွယ်ရေးဝန်ကြီးဌာန ပြန်တမ်းဝင်အရာရှိများအတွက် လစာမှ ၀င်ငွေခွန်တွက်ချက်ဖြတ်တောက်နုတ်ယူပေးသွင်းရန် ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြိးဌာန ငွေစာရင်းရုံးမှ တာဝန်ယူဆောင်ရွက်သွားရန်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့မှ ပြန်ရောက်ပြီး နေအိမ်တွင် အနားယူနေ

ဓါတ်ပုံ (AP)
မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ (၀ိုင်ပီအိုင်) ည ၇ နာရီ ၅၀ မိနစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ရသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယနေ့ညနေပိုင်း မြိတ်မြို့မှ ပြန်ရောက်လာပြီးနောက် နေအိမ်တွင်ပင် အနားယူနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး လိုက်ပါလျှက်ရှိသူ တဦးက ၀ိုင်ပီအိုင်သို့ အတည်ပြုပြောဆိုသည်။

Thursday, March 8, 2012

ထားဝယ်မောင်းမကန်ကမ်းခြေတွင်အမျိုးသမီးများနေ့ကျင်းပ


Add caption
                               
ယနေ့ကျရောက်သည့် (၁၀၁) ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ထားဝယ်ဒေသရှိ၊ မောင်းမကန်ကမ်းခြေတွင် ထားဝယ်ဒေသခံများက ကျင်းပခဲ့ကြပါသည်။
ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် အဆိုပါ အမျိုးသမီးနေ့အခမ်းအနားသို့ ပရိသတ် ၁၅၀ ကျော် တက်ရောက်ခဲ့ပါသည်။  
တိုင်းရင်းသားဝန်ကြီး ဦးစောဟာဗွီက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ ‘ဖဲကြိုးဖြူနှင့် ကတိပြု’ အမည်ရ သီချင်းကို သီဆိုခြင်း၊ ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် တခြားထားဝယ်ရိုးရာအကများဖြင့် တင်ဆက်ခြင်း၊ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများ၏

Wednesday, March 7, 2012

ထိုင်းပညာရေးအကြောင်း

Add caption

၂၀၁၅ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် အာစီယံ ကွန်မြူနတီကို ရည်ရွယ်ပြီး ထိုင်းအစိုးရက ပညာရေးပြောင်းလဲဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာကို ဘန်ကောက်ပို့စ်နဲ့ နေရှင်းသတင်းစာတွေမှာ နေ့စဉ်တွေ့နေရသည်။ အထူးသဖြင့် ကျောင်းသားတွေကို လက်ပ်တော့ ဝေငှတာနဲ့ ၂၀၁၂ ကို အင်္ဂလိပ်စာနှစ် သတ်မှတ်မှုအပေါ် ဝေဖန် ဆွေးနွေးငြင်းခုန်တာတွေ ပုံမှန် တွေ့ရသည်။
ဒါကြောင့် မောက္ခက ထိုင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ မြန်မာ ဆရာမတစ်ဦးနှင့် ဘန်ကောက် Ramkhamhaeng တက္ကသိုလ်မှာ ပညာရေး မာစတာဘွဲ့ ကျမ်းပြုနေသူ မွန်ကျောင်းသူတစ်ဦးကို ဆက်သွယ် မေးမြန်းပြီး၊ သူတို့ အတွေ့အကြုံတွေကို တင်ပြလိုက်ရပါသည်။

ဆရာမ မမေ
ချင်းမိုင် Sarasas Witaed Lanna School သင်ကြားရေး အတွေ့အကြုံ
ထိုင်းနိုင်ငံက  ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကျမကို ထိုင်း ကလေးတွေကို စာသင်ရတာနဲ့ မြန်မာ ကလေးတွေကို စာသင်ရတာ ဘာကွာလဲ၊ ထိုင်းကျောင်းတွေရဲ့ သင်ကြားရေးစနစ်က

Tuesday, March 6, 2012

မြန်မာ့လေကြောင်းလိုင်းလေယာဉ်ဘီးပေါက်

Add caption

မြန်မာနိုင်ငံအနှံအပြားသို့ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28) ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀ အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌ လေယာဉ်၏ နောက်ဘက်  ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍ ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။
ထို့နောက် နံနက်(၁၂း၅၀) ခန့်တွင် မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်မှ ကျောက်ဖြူသို့ ပြေးဆွဲသော လေယာဉ် (AGF-MA-60)သည် ကျောက်ဖြူလေဆိပ်သို့ မဆင်းခဲ့ဘဲ စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းလေယာဉ်ပေါ်တွင် လဲလှယ်ရန်ပါရှိလာသော စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦးကို စစ်တွေလေဆိပ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
၎င်းနောက် စစ်တွေရန်ကုန်ပြေးဆွဲမည့်လေယာဉ်အမှတ် (XY-AGB-Forkker-F28) လေယာဉ်အား ပြန်လည်ဘီးတပ်ဆင်ကာ စစ်တွေလေဆိပ်မှ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင် ရန်ကုန်သို့ ထွက်ခွာသွားကြောင်းသိရသည်။

  
ခိုင်မြတ်စံ(PNG)  Hot News

Monday, March 5, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်းရှိ ဓနိတောများကို လျော်ကြေး စတင်ပေးအပ်

Add caption
ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်းရှိ ဓနိတောများ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ဓနိတောများအား လျော်ကြေးငွေများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အထောက်အကူပြုအဖွဲ့(ယာယီ)မှ ပြုစုထားသော စာရင်းများအရ လျော်ကြေးငွေ ပေးအပ်ရန် သတ်မှတ်ထားသော စိုက်ပျိုးနိုင်သည့်မြေ (၃၅၈၄၇ ဧက)မှ ဓနိတော ၂၀၆ ဧကအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Friday, February 24, 2012

တိုးတက်နေသောဗီယက်နမ်

အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက်

Add caption

 ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။
ဗီယက်နမ်က စီးပွားရေးစီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့   "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

Thursday, February 9, 2012

အင်တာနက်ခေတ်နှင့်မြန်မာသမိုင်းပါမောက္ခ

                            
  တလောက ပြည်တွင်းက ဆရာတဦးနဲ့ အဆက်အသွယ်ရပါတယ်။ ဆရာက ကျနော့် ထိုင်းဖုန်းနံပါတ်ကို လှမ်းခေါ်လို့ တော်တော် အံ့သြခဲ့ရပါတယ်။ ဆရာနဲ့ ရှေးဟောင်းနှောင်းဖြစ် အကျိုးအကြောင်း ပြောဖြစ်ကြတယ်။ စကားပြောဖြစ်တော့ ဖုန်းနဲ့ ပြောရတာ ပိုက်ဆံကုန်တယ်၊ ဂျီတော့ (သို့) စကိုက်ပီကနေ ပြောရတာ ပိုအဆင်ပြေမယ် ပြောတော့ ဆရာပါမောက္ခက သူအခုအထိ အီးမေးလ် မသုံးတတ်ဘူးလို့ ပြောတယ်။ ကျနော်လည်း တော်တော် အံ့သြသွားတယ်။ အီးမေးလ်ကို မသုံးတတ်တဲ့ သမိုင်းဌာန တွဲဖက်ပါမောက္ခကို တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သမိုင်းကို သင်နေတဲ့  တွဲဖက် ပါမောက္ခက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတာကို အမီလိုက်နိုင်မယ့် နည်းပညာတွေကို မသိတော့ ဘယ်လိုခေတ်မီသင်ခန်းစာမျိုးကို တပည့်တွေကို ပို့ချမလဲ တွေးနေမိတယ်။...............

Tuesday, February 7, 2012

ဒေါ်စုပုသိမ်ခရီးစဉ်


    
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့တွင်းသို့ နေ့လည် ၁၁ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ကိုးသိန်းဘောလုံးကွင်းအတွင်း စောင့်ဆိုင်းနေကြသည့် သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ (ဓာတ်ပုံ- ဥက္ကာကိုကို)
"ကျွန်မလည်း ဧရာဝတီတိုင်းသူလို့ ခေါ်လို့ရပါတယ်။ ပုသိမ် ပြည်သူပြည်သားတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ ပုသိမ်ကို ပြန်မရောက်တာ နှစ် ၂၀ရှိပါပြီ။ အရင်တစ်ခေါက်တုန်းကတော့ စက်ဘီးတွေနဲ့ ကြိုကြတယ်။ အခုကျတော့ ဆိုက်ကယ်တွေနဲ့ ကြိုကြတယ်။ ပုသိမ်ကိုလာတာဟာ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ အတွက် စည်းရုံးဖို့ လာတာပါ။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံ အားပေး မဲပေးကြဖို့ ပြောချင်ပါတယ်။ ပြည်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်ထောင်ဖို့ဆိုရင် ပြည်သူတွေ ပါဝင်မှ ဖြစ်မှာပါ။ အထူးသဖြင့် လူငယ်တွေင်္ ပါဝင်စေချင်ပါတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ လူငယ်တွေ အနေနဲ့ အဆင့်မြင့်တဲ့ ပညာရေးကို သင်ယူစေချင်ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဖို့ ပြောချင်ပါ တယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်တာဟာ အချက်သုံးချက်ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြည်တွင်းငြိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ။
ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏ ခဏ လုပ်နေတာ မဟုတ်ပါဘူး ဒါအတွက် ပြည်သူတွေ အားလုံးကူညီပေးပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းအတွင်း ၁၈မိနစ်ကြာ ပြောဆိုခဲ့သော ပြောကြားချက်၌ ထည့်သွင်းပြောဆိုခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု ပြီးဆုံးပြီလို့ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။ နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။



Monday, February 6, 2012

ဒလမြို့တော်စီမံကိန်း (နိဂုံးအပိုင်း)


                            ဒလမြို့ တော်ကြီး စီမံကိန်း နိဂုံးပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒလအကြောင်း ရေးစရာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ပေါ့ မြို့တော်တည်ထောင်ထာ မြန်မာနိုင်ငံရဲ့ အကြီိးဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး မြို့တော်ကြီးကို ကျနော်တို့ မြန်မာတွေ ကိုယ်တိုင် စိတ်ထိုင်းကျကျ တည်ဆောက်နိုင် တည်ဆောက်တဲ့ မြို့တော်ကြီးအဖြစ် သမိုင်းမှတ်တမ်း ထိုးနိုင်မယ့် မြို့တော်ကြီးဘဲ ဖြစ်ပါတယ်။ တနည်းလဲ ဒီလိုစီးပွားရေးအရ အလွန်အချက်အခြာ ကျပြီး အလွန်ကြီးမားလာမဲ့ မြို့တော်ကြီးကို စစ်အစိုးရ အဆက်ဆက် မတည်ဆောက်နိုင်ခဲ့ဘူး ဆိုတာလဲ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့ပါပြီ။

Wednesday, February 1, 2012

ထားဝယ်မြေဈေးထပ်တက်ပြန်ပြီ

Add caption
စည်ကားနေသည့် ထားဝယ် စည်ပင်သာယာဈေးကြီး (ဓာတ်ပုံ - ဧရာဝတီ)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့ပေါ်နှင့် မြို့ပြင်ပရှိ အိမ်ခြံမြေ ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားခဲ့ပြီး မြို့ပေါ်တွင် ကျပ်သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းထိ ခေါ်ဈေးရှိနေကြောင်း၊ ပုဂ္ဂလိကဘဏ် အများစုက ထားဝယ်မြို့ပေါ်တွင် ဘဏ်ခွဲများလာရောက်ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်းပြည်ပ စီးပွားရေးကုမ္ပဏီများက ရုံးခွဲနှင့် ဟိုတယ်များ ဖွင့်လှစ်လိုခြင်းတို့ကြောင့် ဈေးများ ထိုးတက်လာရခြင်း ဖြစ်ကြောင်း ထားဝယ် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
“ပေ ၄၀x ၆၀ အကွက်က မြို့ပေါ်ဆိုရင် သိန်း ၂၀၀၀၊ ၃၀၀၀ ကနေ သိန်းတသောင်းကျော်

Monday, January 30, 2012

ဒေါ်စု ထားဝယ်မိန့်ခွန်း ရုပ်သံ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ သူ မြို့ သားတွေကိုပြော
တဲ့မိန့်ခွန်းရုပ်သံကိုမှတ်တမ်းတင်ထားတာပါ။ နောင်လာနောင်သားမျိုးဆက်တွေ
အတွက်မှတ်တမ်းတွေမပျောက်အောင်ထိမ်းသိမ်းထားနိုင်ဖို့အရေးကြီးတယ်။
Read more ကိုနှိပ်ပြီးရုပ်သံကိုကြည့်ရှုလိုက်ကြပါ။

ထားဝယ်ကိုဗိုလ်ချုပ်ရောက်ခဲ့စဉ်ကပုံ


မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ်အတွင်း ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်မှ လက်ဆောင်ပေးအပ်လိုက်သော ဓါတ်ပုံ ဖြစ်ပါသည်။
ဓါတ်ပုံတွင် ဗိုလ်ချုပ်အောင်ဆန်း ထားဝယ်မြို့ သို့ ရောက်ရှိစဉ် ဗိုလ်မှူးဗထူး သား နှစ်ဦးဖြစ်တဲ့ မောင်မြင့်ထူး ၊ မောင်စန်းထူး တို့ နှင့် အမှတ်တရိုက်ကူးထားပုံ ကိုတွေ့ ရပါသည်

 ဒီပုံထဲက မောင်မြင့် ထူးဟာ နောင်မှာ ဗိုလ်ကြီးမြင့် ထူးဖြစ်လာခဲ့ ပါတယ်။ ကျွန်တော် အမှတ် မမှားဘူးဆို၇င် ဗိုလ် ကြီးအုံးကျော်မြင့် နေ၀င်းကိုဖြုတ်ချဖို့ ကြိုးစားတဲ့ အမှုတွဲမှာပါခဲ့ သူပါ။ေ၇ကြည်အိုင် စစ်ကြောေ၇းမှာ ကျဆုံးခဲ့ ၇တဲ့ တော်လှန်ေ၇း ၇ွက်ကြွေ ပါ။ မျက်မှန်တင်ဦး သူ့ ဆ၇ာနေ၀င်း အကြိုက် ဆောင်ခဲ့ မှုပါ။
ဒေါ်စုကို ထားဝယ်သားဦးရန်ရှင် အသက် (၈၈)နှစ်ကပေးတဲ့ရှေးဟောင်းဓာတ်ပုံတစ်ပုံပါ။ ထားဝယ်ဟာသူရဲကောင်းတို့နဲ့မစိမ်းဘူးဆိုတာအားလုံးသိသွားစေရတယ်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦး ပြောင်းလဲခန့်အပ်


တနင်္သာရီတိုင်း ထားဝယ်မြို့ 
ကျန်းမာရေးချို့ယွင်းမှုများကြောင့် ဇန်နဝါရီလ ၇ ရက်နေ့က နုတ်ထွက်ခွင့်ပြုလိုက်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်၏ နေရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးမြတ်ကိုအား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဝန်ကြီး ဦးမြတ်ကိုအား တာဝန်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့် အမှတ် ၅/၂၀၁၂ ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး (သို့မပာုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦမြတ်ကိုအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖော်ပြပါရှိသည်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့် ဦးမြတ်ကိုသည် ဒီဇင်ဘာလအတွင်းက တနင်္သာရီတိုင်း ဒေသကြီး ခေတ္တဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။ YC

ဓယ်ဝယ်သားဂူလောင်းအမေစုကိုရှစ်ဟယ်

ထားဝယ်လေဆိပ်အ၀င်ဝ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။
ပင်နီရင်ဖုံးအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအ၀င် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။
အမယ်အိုတချို့ကလည်း သူတို့လက်မှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလံငယ်လေးတွေကို ကိုင်ရင်း ထားဝယ်ေ

Sunday, January 29, 2012

ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကား ကောက်နှုတ်ချက်များ



ဓါတ်ပုံ(ရိုက်တာ)

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင်  ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

Saturday, January 28, 2012

ဒေါ်အောင်ဆန်းစုကြည်ထားဝယ်ကိုရောက်ပြီ


ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီက လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြသည်။
 လမ်းပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းသည် လောင်းလုံမြို့နယ် သို့ထွက်ခွာလျက်ရှိသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းနောက်မှ တိုက်ရိုက်သတင်းပေးပို့နေပါသည်။
 ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီက လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြသည်။
 ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းဖြတ်သန်းရာ လမ်းမတလျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတော်များ ဝှေ့ယမ်းကြိုဆိုနေကြသည်။
  ကျမကို ထောက်ခံတာနဲ့ တန်အာင် ကျမတို့က အလုပ်လုပ်မယ်
  ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။
  လူတိုင်း၏လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။
  ထားဝယ်မြို့ခံအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ်ငိုကြွေးနေကြသည်။
  လောင်းလုံမြို့သို့ သွားနေစဉ် အင်တာနက် ခေတ္တပြတ်တောက်နိုင်ပါသည်။ ထို့ကြောင်း နောက်ဆုံးသတင်းများတင်ပေး၇န် မဖြစ်နိုင်သေးပါ။
The Voice Weekly

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls