Add caption |
ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။
ဗီယက်နမ်က စီးပွားရေးစီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့ "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်