Monday, July 8, 2013

ထားဝယ် ရေး ကားလမ်းပိုင်းမှာ ဂိတ်ကြေးတွေကောက်နေတာဘာအတွက်လဲ

ထားဝယ်-ရေးကားလမ်းတစ်လျှောက်ရှိ သံဖြူဇရပ်မြို့အဝင်
ထားဝယ်-ရန်ကုန် ကားလမ်းအကြားရှိ ထားဝယ်-ရေးလမ်းပိုင်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင် ကားများကို ကြားဖြတ်စစ်ဆေးရေးဂိတ် တိုးလာသဖြင့် ဂိတ်ကြေး ပိုပေးနေရသည်။
“ရေဖြူဂိတ်၊ ကလိန်အောင်ဂိတ်၊ မလွှဲတောင်ဂိတ်နဲ့ ရေးမြို့အဝင်ဂိတ်ကြီးတွေကို
ဂိတ်ကြေးပုံမှန်ပေးနေရပေမယ့် အခုကဂိတ်ကြီးတွေကြားက လုံခြုံရေး ကင်းစခန်းတွေရော လှည့်ကင်းနဲ့ဆုံတဲ့အခါ ကားကိုရပ်ပြီး ပိုက်ဆံ ပေးနေ ရတယ်” ဟု ရွှေလီအိပ်စပရက်စ် ကားသမား ဦးတင်လေးက ပြောသည်။
မှန်လုံခရီးသည်တင်ကားတစ်စီးတစ်စီးလျှင် ကျပ် ၁၀၀၀ ပေးနေရပြီး တခြားခရီးသည်တင်ကားငယ်များက ကျပ် ငါးရာ ပေးရသည်။ ၁ဝ ဘီးကုန်တင်ကားများကို ကျပ်တစ်ထောင်အထက် ပေးရသည်ဟု ကောင်းသစ်စံ ခရီးသည်တင် ကားမှ  ဦးတင်ထွန်းက ပြောသည်။
“ပုံမှန်က ဂိတ်ကြီးကိုရောက်ရင် အောက်ဆင်းလမ်းလျှောက် မှတ်ပုံတင်စစ်တယ်၊ အခုတော့ ဘာဂိတ်မှမရှိ ဘဲနဲ့ ရဲ၊ ပြည်သူ့စစ်နဲ့ စစ်တပ်ပေါင်းပြီး ဇူလိုင်လ ၁၉ ရက် နေ့က   အထူးစစ်ဆေးရေးဆိုပြီး ဂိတ်ကြီးမရောက်ခင် ကြားနေရာ တွေမှာလည်း စစ်ဆေးမှုတွေလုပ်တယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

Saturday, February 2, 2013

ထားဝယ်စီးပွားရေးဇုန်ဖော်ဆောင်ရန် ဒီရေတောဧက ၆ဝဝဝ ကျော် ရှင်းလင်းလျှင် မုန်တိုင်းများ ဝင်ရောက်နိုင်ဟု ပညာရှင်များသုံးသပ်

နဘူးလယ်ချောင်းနှင့် မောင်းမကန်ကြားတွင် တည်ရှိသော ဒီရေတောဧက ၆ဝဝဝ ကျော်အား အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ရှင်းလင်းပါက မုန်တိုင်းများ ဝင်ရောက်နိုင်ရုံမျှမက အဘက်ဘက်က ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဇလဗေဒပညာရှင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက သတိပေးပြောကြားသည်။”ဒီရေတောတွေ ပြုန်းတီးရင် မုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံတင်မကဘူး၊ ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အင်ဒို၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ဒီရေတောတွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင် ဒီရေတောတွေပြုန်းတီးခဲ့လို့ မုန်တိုင်းတွေ ခဏခဏဝင်ရောက်တယ်။ အခုဆိုရင် ဒီရေတောတွေ ပြန်စိုက်လာလို့ မုန်တိုင်းတွေ သိပ်မဝင်တော့ဘူး။ မုန်တိုင်းတွေ မဝင်လာနိုင်အောင် ဒီရေတောတွေက တားဆီးပေးထားတာပါ။ စီးပွားရေး ဦးစားပေးလုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် လုံးဝသဘော မတူဘူး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

စက်မှုထွန်းကားမှုကြောင့် ဒေသခံတွေ နှစ်ခါပြန် ကိုလိုနီဘဝကို ခံစားရဟု Green Bike အဖွဲ့ဆို


GreenBikeTripToDawei18Green Bike (အစိမ်းရောင်စက်ဘီးစီး) ၁၄ ဦးအဖွဲ့သည် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး ခရီးစဉ်တခုအနေဖြင့် ရန်ကုန်မှ ထားဝယ်သို့ ဇန်န၀ါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၅) ရက်ကြာ ခရီးစဉ်တခု သွားခဲ့သည်။
ရေဖြူမြို့နယ်၊ ရေပုံးရွာတွင် ထမင်းစားအနားယူနေစဉ်
ခရီးစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်တဦးဖြစ်သူ ကိုသက်နိုင်က “ထားဝယ်မှာရှိတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးချင်လို့နဲ့ သူတို့နှင့်အတူ ရှိနေတယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အရေးကြီးတယ်ဆိုတာကို လူထုတွေကို အသိပေးချင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ချင်တယ်” ဟု ရှင်းပြခဲ့သည်။
၎င်းက ဆက်လက်ပြီး “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ထားခဲ့မလား၊ ဖြုန်းခဲ့မလားဆိုတာ သီလ၊ သိက္ခာ၊ သမာဓိရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ကျနော်ပြောချင်တာက စက်မှုထွန်းကားလာလို့ ကုန်ကြမ်းထုတ်လုပ်မှုတွေ များလာတယ်။ လိုအပ်ချက်တွေလည်း များလာတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုလိုနီလက်အောက်ကို နှစ်ခါပြန်ရောက်နေရသလိုမျိုး ခံစားနေရတယ်” ဟု ထားဝယ်လူထုအသံကို ရှင်းပြခဲ့သည်။

Saturday, January 12, 2013

မော်လမြိုင်တံတား ၂၄ နာရီဖွင့်ပြီ

ဇန်န၀ါရီလ(၁၀)ရက်နေ့မှစတင်ကာမွန်ပြည်နယ်၊မော်လမြိုင်ရှိသံလွင်တံတားကို (၂၄)နာရီဖွင့်လှစ်လိုက်
ခြင်းကြောင့် ရန်ကုန် -ထားဝယ် အဝေးပြေးကားများအနေဖြင့်မုတ္တမဘက်ကမ်းတွင်ညအိပ်ရပ်နားရန်မလိုတော့ဘဲတောက်လျှောက်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။၁၉၉၆ ခုနှစ်တွင် “နှင်းပွင့်”အဝေးယာဉ်လိုင်းဖြင့် ကဏ္ဍသစ်တစ်ရပ်ဖွင့်ခဲ့သည့် ထားဝယ်- ရန်ကုန်-ထားဝယ်အဝေးပြေးကားများပြေးဆွဲခဲ့ပြီး၊မုတ္တမတံတားတညဆောက်ပြီးစီးသည့်နောက်တွင်အချိန်ကန့်သတ်ချက်ဖြင့်တံတားဖွင့်၊ပိတ်ခြင်းကြောင့်ခရီးသွား
ျားအတွက်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး၊အထူးသဖြင့် မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ပြေးဆွဲသည့်ယာဉ်လိုင်းများ မုတ္တမတံတားထိပ်တွင်ညအိပ်ရပ်နားကာတံတားဖွင့်ချိန်စောင့်ဆိုင်းခဲ့ကြရသည်။ယခုအခါတံတားကို(၂၄)နာရီဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့်ရန်ကုန်- ထားဝယ်ကားများအနေဖြင့် ယမန်နေ့မှစတင်ကာ ထားဝယ်သို့ နံနက်(၉)နာရီခွဲအချိန်တွင်ပင်ရောက်ရှိ

Saturday, January 5, 2013

ကင်းမွန်ကလေးများနှင့်အတူ


နက်ရှိုင်းလှသည့် ပင်လယ်သ မုဒ္ဒရာများထဲမှ ကင်းမွန်များသည် နှစ်စဉ်မုတ်သုံ ရာသီထွက်ပြီး တစ်လခန့်အကြာ အောက်တိုဘာလ ပိုင်းတွင် တနင်္သာရီ ကမ်းရိုးတန်း ဒေသဆီသို့ သဘာဝ အလျောက် ရောက်ရှိ လာလေ့ရှိကြသည်။

ထိုအချိန်မျိုးသည် မြန်မာနိုင်ငံ တောင်ပိုင်းဆီမှ ကင်းမွန်ဖမ်းသမားများ အလုပ်ရှုပ်ဆုံးအချိန် ဖြစ်သည်။ တစ်ပတ် ၁၀ ရက်စာအတွက် ရေခဲများ၊ စားနပ်ရိက္ခာများ၊ လောင်စာဆီများကို တင်ဆောင်ပြီး လှေကြီးလှေငယ်များဖြင့် ကမ်းခြေမှ ပင်လယ်ပြင်ဆီသို့ အလျှိုလျှိုထွက်ခွာကြသည့် ကင်းမွန်ဖမ်းလှေများနှင့် မြိတ်မြို့ ကမ်းနား၌ စည်ကားတတ်သည်။

“ကင်းမွန်က လမမြင်မှ ဖမ်းလို့ရတာ။ လပြည့်ကျော် လေးရက်လောက်ဆိုရင် ကင်းမွန်လှေတွေ ထွက်တယ်” ဟု အသက် ၅၀ ခန့် အရွယ်ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ကပ္ပလီပင်လယ်

တောင်ပိုင်းဒေသအတွက် တာဝန်

 
 “ဟက်ပီး” လို့ မြန်မာလို ထင်ထင်ရှားရှားရေး ထားသည့် ထိုင်းနိုင်ငံထုတ် ဖုန်းလိုင်း ကတ်ပေါ်မှ ပါးနှစ်ဖက်မှာ သနပ်ခါးနှင့် အားပါးတရ ပြုံးနေသည့် အမျိုးသမီးငယ်လေး ဖုန်းပြောနေပုံမှာ ဆွဲဆောင်မှုရှိလှသည်။ သူ့ထက် ပိုပြီးဆွဲဆောင် မှုရှိသည်မှာ သူကြော်ငြာပေးနေသည့် ထိုင်းနိုင်ငံထုတ် ဖုန်းကတ်ဈေးနှုန်း ပင်ဖြစ်သည်။

“ဒီမှာ (ကော့သောင်း) မြန်မာငွေ ၁၅၀၀ လောက်ပေးရင် ဖုန်းတစ်လုံး ကိုယ်ပိုင်ရတယ်။ ခင်ဗျားတို့ ရန်ကုန်လို ဆန္ဒပြနေစရာမလိုဘူး။ ဂျာနယ်ထဲမှာ ထည့်ပြောစရာ မလိုဘူး” ဟု ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးနှင့် ကယ်ရီဆွဲရင်း အသက်မွေးဝမ်းကျောင်းပြုနေသူ ကော့သောင်းမြို့နေ ဦးကျော်လှိုင် က ပြောသည်။

“ဖုန်းကြာကြာပြောသူ စိတ်ကျေနပ်နှစ်သက်စရာ” လို့ မြန်မာလို ရေးထားသည့် ထိုင်းဆက်သွယ်ရေး ကွန်ရက်သုံး ဖုန်းများ၏ ဈေးနှုန်းကြောင့် မြန်မာပြည်တောင်ဘက် အစွန်ဆုံးပိုင်းတွင် တည်ရှိသည့် ကော့သောင်းမြို့တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ကြောင်း.........

Monday, December 24, 2012

လူထုခေါင်းဆောင်ရဲ့မြိတ်တွင်ပြောသောစကားများ

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ဒီမိုကရေစီကို မမျှော်လင့်သော် လည်း ရအောင်လုပ်ယူမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြောကြား...............
၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးကို
မမျှော်လင့်သော်လည်းရအောင်လုပ်ယူမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မြိတ်မြို့ ဦးစိန်ဂျက် ခန်းမ၀န်းအတွင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ပြည်သူများထံမှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မျှော်လင့်ပါသလားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။...

Friday, December 7, 2012

ကလုံးထာ ရေကာတာ စီမံကိန်းအပေါ် ဒေသခံများ ကန့်ကွက်

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်လာမယ့် ကလုံးထာရေကာတာ တည်
ဆောက်မယ့် စီမံကိန်းအပေါ် ရေကာတာရဲ့ ရေနစ်မြုပ်ဧရိယာအတွင်းမှာ ရှိနေတဲ့ ကလုံးထာ ရွာသူ ရွာသားတွေက ကန့်ကွက်နေကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် တလိုင်းယာကျေးရွာအုပ်စုဝင် ကလုံးထာကျေးရွာမှာ အိမ်ထောင်စု ၁၈၂ စု၊ လူဦးရေ တထောင်ကျော်နဲ့ စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိပြီး ကွမ်းသီး၊ သီဟိုဌ်၊ ရော်ဘာနဲ့ အုန်းပင် စတဲ့ နှစ်ရှည်ခံသီးပင်တွေကို အများစု စိုက်ပျိုးကြတာဖြစ်ပါတယ်။

ရွာသူရွာသားတွေကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာတဲ့ ဥယျာဉ်ခြံမြေတွေဟာ အခုမှ သီးပွင့်စပြုလာတဲ့အတွက် ရွာနေရာဟောင်းကို မဖယ်ပေးနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ရွာသူ ရွာသားတွေ အနေနဲ့ တလိုင်းယာချောင်းအတွင်းမှာ တပိုင်တနိုင် ခဲသတ္တုကျင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။

အမြင့်ပေ ၃၀၀ ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာ ရွာဟာ ရေအကြီးအကျယ် နစ်မြုပ်နိုင်တဲ့ ဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းဖော်ဆောင်မယ့် အီတာလျံ-ထိုင်း ကုမ္ပဏီ တာဝန်ရှိတဲ့သူတွေကတော့ ရွာကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် အဓိက အထောက်အကူပြုမယ့် ရေကာတာ ဖြစ်တဲ့အတွက် မတည်ဆောက်နိုင် ဘူးဆိုရင် စီမံကိန်းတခုလုံး ပျက်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရုပ်သံတင်းကြည့်လိုက    ဒီနေရာကိုသွားလိုက်ပါ

Thursday, November 8, 2012

ဒု-သမ္မတဦးဉာဏ်ထွန်း ထားဝယ်စီမံကိန်းကိစ္စ ထိုင်းနဲ့ဆွေးနွေး


 တနင်္သာရီတိုင်း၊ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်ခန့်ခွဲဖို့ ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ထားဝယ် အထူးစီးပွားရေးစီမံကိန်းကို အုပ်ချုပ်စီမံ ခန့်ခွဲ သွားမယ့် ထိုင်း-မြန်မာပူးတွဲကော်မတီကို ဒီကနေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွေ ကိစ္စကို မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra တို့ဆွေးနွေးခဲ့ကြပြီးနောက်မှာ ပူးတွဲကော်မတီကို တရားဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ပူးတွဲ အကောင်အထည်ဆက်ဖော်သွားမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း ပါဝင်တဲ့ ထားဝယ် အထူးစီးပွားရေး စီမံကိန်းတွေကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ဖို့ မြန်မာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ အင်္ဂါနေ့ ညနေပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေ တာ ဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့

Friday, October 26, 2012

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး



တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်း တနေရာ 
တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA) နှင့် နိုင်ငံတကာ ရေအောက် သယံဇာတ ထိန်းသိမ်းရေး (FFI) အဖွဲ့တို့ က ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။
ထားဝယ် ဒေသတွင်းရှိ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဘများ၊ အစိုးရအဖွဲ့ ၀န်ကြီးများ၊ တာဝန်ရှိသူများ အပါအ၀င် နိုင်ငံရေးပါတီ ၄ ခုက အဖွဲ့ဝင် ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး စာတမ်း ၇ စောင်ဖတ်ကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း BANCA (ဘန်ကာ)အဖွဲ့က ပြောပြသည်။

Wednesday, October 10, 2012

ဒီလိုဆရာမျိုးထားဝယ်တက္ကသိုလ်မှာရှိနေပြီ

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး။

လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လို့ ဆိုပြီး တက္ကသိုလ်ဆရာတစ်ဦးအား တိုင်းဒေသကြီးအစိုးရမှ ဖိအားပေး
ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှ ဆရာ ဦးဇော်သူရအား လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ တဆင့် တက္ကသိုလ်အာဏာပိုင်များမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။
(၈.၉.၂၀၁၂) ရက်နေ့ မနက် (၁၁.၄၅) နာရီမိနစ်ခန့်တွင် ထားဝယ်တက္ကသိုလ် စိတ်ပညာဌာနမှူးမှ ဦးဇော်သူရအား တာဝန်ခံပါမောက္ခချုပ်နှင့် နေ့လည် (၂) နာရီတွင် လာရောက်တွေ့ဆုံပါရန် ပြောကြောင်း အသိပေးပါသည်။
ဆရာဦးဇော်သူရသည် နေ့လည် (၂) နာရီ၌ သွားရောက်ခဲ့ရာတွင် ထားဝယ်တက္ကသိုလ် အစည်းအဝေး ကျင်းပလေ့ရှိသောအခန်းတွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ (တာဝန်ခံပါမောက္ခချုပ်၊ ဒု-ပါချုပ်၊ သင်တန်းရေးရာမှူး၊ စီမံ-ဘဏ္ဍာမှူးနှင့် ပါမောက္ခ (၃) ဦးတို့နှင့်အတူ အစည်းအဝေး ကျင်းပခဲ့ပါသည်။.......

Tuesday, October 9, 2012

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှစ၍ အာရှလမ်းမကြီးတစ်လျှောက်တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။
၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။.........

Sunday, September 30, 2012

စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

စင်္ကာပူမှ သဲစုတ်ရေယာဉ်များ
ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရ
ီးဆန့်လာခြင်းဖြစ်သည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ

အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

 
ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ-မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ်အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။
ယုဇနကုမ္ပဏီသည် မောတောင် လမ်းစီမံကိန်းအတွက် လွန်ခဲ့သည့် ၂ နှစ် ခန့်ကတည်းက 
လုပ်ကိုင်ခွင့်ရထားသော် လည်း လုပ်ငန်းအကောင်အထည်ဖော် ရာတွင် တိုးတက်မှုမရှိသည့်အတွက် B.O.T ကိုပြန်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်ဆဲတနင်္သာရီ-မြိတ် လမ်းပိုင်းကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ရန်

Wednesday, September 26, 2012

ထားဝယ်တိုင်းသိသင့်တဲ့စီမံကိန်းအကြောင်း

                           ထားဝယ်စီမံကိန်းကြောင့်ဒေသခံများအခက်ခဲတွေ့နေရပုံ
ထိုင်းနိုငံမှာဆိုရင်ထိုင်းကုမ္ပဏီတွေအဲလောက်ဆိုးဝါးဝါးလုပ်ရဲ့မယ်မထင်ဘူး
ထိုင်းစီမံကိန်းတွေလုပ်တာမြင်ရသလောက် ပတ်ဝန်းကျင်မထိခိုက်အောင်တော်တော်လေး
လုပ်ပြီးမှစီမံကိန်းကိုစကြလို့ပါပဲ့။ အခုလုပ်ပုံကိုင်ပုံတွေက ထိုင်းတွေထားဝယ်တွေကို
စိတ်ဆင်းရဲအောင်တမင်များလုပ်နေသလားလို့ခံစားမိတယ်။တကယ်ဆိုအများသွား
လာတဲ့လမ်းတွေကိုအရင်ကောင်းအောင်လုပ်ပြီးမှစီမံကိန်းစသင့်တယ်။အခုဗွီဒိယိုထဲမှာ
မြင်ရသလောက်တော့တော်တော်စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေပါပဲ့။ငွေမရှိဘဲစီမံကိန်းစပြီး
လမ်းအူကြောင်းတွေပဲ့ဟန်ပြလုပ်နေတယ်။တကယ်ဆို သူတို့စမဲ့နေရာရာလမ်းကိုကောင်းအောင်
အရင်လုပ်သင့်တယ်။ဒေသခံ ဆိုတဲ့အတိုင်း ခံရတာတွေများလာတယ်။
တိုးတက်တာကနောက် အရင်ဆုံးထိုင်းတွေထားဝယ်ကအခြေနေကြည့်ပြီးပျော်နေလောက်ပြီ။
        အရင်က ဦးအောင်ဇေယျ ကထိုင်းကိုဝါးရင်းတုတ်နဲ့သိမ်းတယ်
         အခု ထိုင်းက ထားဝယ်ကိုစီမံကိန်းဆိုပြီးသိမ်းတယ်။စိတ်၁င်းရဲအောင်လုပ်နေတယ်။
ဝဋ်လည်တာလား  ကိုယ့်ဘက်ညံ့တာလား  ဆိုတာခွဲခွဲခြားခြားမြင်နေတယ်။
စီမံကိန်းကတော့တားလို့ရတော့မှာမဟုတ်တော့ဘူး။ မခံချင်လို့အကြမ်းဖက်လို့ကလဲမဖြစ်။
တိုးတက်ရင်ပြီးရောဆိုပြီး  လွှတ်ထားပြန်ကလဲမဖြစ်။  အဲဒီတော့လောလောဆယ်လုပ်နိုင်တာလေး
လုပ်လိုက်တယ်။ဒီဗွီဒီယိုကိုကြည့်ပြီးထားဝယ်တွေ နိုးကြားနိုင်ပါစေ။
         

Tuesday, September 25, 2012

မြိတ်မြို့ပေါ်က ဆိုင်ကယ်များလိုင်စင် ပြုလုပ်ရန်အတွက် အခက်ခဲကြုံတွေ့နေရ

တနသာင်္ရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားရေးမှု ဦးစီးဠာနမှ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ က ည န ရုံးမှ မြိတ်ခရိုင်အတွင်းရှိ ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေး လျက်ရှိနေကြောင်း ထိုင်းနိုင်ငံမှ တင်သွင်းလာသော ယိုးဒယားထုတ် ဆိုင်ကယ်များနှင့် ဗီယမ်နမ် နိုင်ငံတို့မှတင်သွင်းလာတဲ့ လိုင်စင်မဲ မော်တော်ယာဉ် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေး လျှက်ရှိနေကြောင်း သိရှိရပါသည်...။

မြိတ်မြို့ နယ်အတွင်းရှိ နေ့စဉ် အစိုးရရုံး ဖွင့်ရက်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်များ အောင်တိုဘာလ နောက်ဆုံး သတ်မှတ်ရက် နီးကပ်လာတာနဲ့အမျှ ဆိုင်ကယ်လိုင်စင်များ လာရောက်ပြုလုပ်နေ သူတွေ အထူးများပြားလျက်ရှိရာတနေ့ကို အစီးရေ
ရာနဲ့ချီလာ ရောက်ပြုလုပ်နေတဲက အထဲမှာ တနေ့ကို အစီးရေ ၃၀၀ မှ၄၀၀ အထိ လာရောက်ပြု လုပ်နေကြတယ်လို့ သိရပါတယ်။.......

Monday, September 24, 2012

ထိုင်းနိုင်ငံ Bangkok Bank နှင့် မြန်မာဘဏ်ချိတ်ဆက်မူ




ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ် (Bangkok Bank ) သည်၊ မြန်မာနိုင်ငံမှ AGD, KBZ, Ayeyawady, Co-operative ဘဏ်များ နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်နိုင်ပြီးဖြစ်ကြောင်း ဘန်ကောက် ဘဏ်မှ သတင်း ထုတ်ပြန်ပါသည်။
AGD Bank ထဲသို့ မလေးရှားနိုင်ငံ May Bank ၊ CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ ငွေလွှဲပို့ပေးနိုင်ပြီးဖြစ် သ လို Bangkok Bank နှင့်လည်း ငွေလွှဲပေးပို့နိုင်ပြီး ဖြစ်ပါသည်။

ယခင်က ဘန်ကောက်ဘဏ်သည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့် ဘဏ်(၂) ခုဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နေခဲ့ပါသည်။ ယခု အချိန်၌ နိုင်ငံ (၂၆) နိုင်ငံရှိ ဘန်ကောက်ဘဏ် ခွဲများမှ တဆင့် မြန်မာနိုင်ငံသို့ ကုန် သွယ်ရေး ရင်းနှီးမှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။........

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်တွင် ဂျပန်က ရှယ်ယာအများ​ဆုံး​ အရင်း​နှီး​ထည့်​မည်

လအတန်ကြာ ညှိနှိုင်း​မှု​တွေ အဆင်မ​ပြေနဲ့​ အရင်း​နှီး​တွေ မပြည့်​အစုံ ဖြစ်​နေတဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ အထူး​စီး​ပွား​ရေး​ဇုန်တည်​ဆောက်​ရေး​ လုပ်ငန်း​တွေ ဂျပန်က ဝင်လာတာ​ကြောင့်​ အ​ခြေအ​နေပြန်​ကောင်း​လာပါတယ်။
ပြီး​ခဲ့​တဲ့​ လတုန်း​က စီမံကိန်း​အ​ပေါ် ​ဒေသခံ​တွေရဲ့​ မ​ကျေမနပ် ကန့်​ကွက်မှု​တွေနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ပိုင်း​ဆိုင်ရာ အဆင်မ​ပြေမှု​တွေ အ​ကြောင်း​ပေါင်း​ တိုက်ဆိုင်ပြီး​ ထား​ဝယ်စီမံကိန်း​ လုပ်ငန်း​တွေ ရပ်ဆိုင်း​လုနီး​နီး​ ဖြစ်​နေပါတယ်။
ပထမအရစ်အတွက် ကုန်ကျမယ့်​ အရင်း​နှီး​ အ​မေရိကန် ​ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံပြည့်​ဖို့​ ရှယ်ယာ​တွေ ​ခေါ်လို့​ မရ​သေး​တဲ့​အတွက် လမ်း​ဆောက်လုပ်​ရေး​၊​ တယ်လီကွန်မြူနစ်​ကေး​ရှင်း​ ကွန်ရက်၊​ ဆိပ်ကမ်း​နဲ့​ တခြား​ လိုအပ်တဲ့​ အ​ခြေခံအ​ဆောက်အအုံပိုင်း​ တည်​ဆောက်​ရေး​မှာ အခက်​တွေ့​ရပါတယ်။
အခု​တော့​ ထား​ဝယ်စီမံကိန်း​ဟာ မဟာဗျူဟာအရ အ​ရေး​ပါတာ​ကြောင့်​ ဂျပန်ကလည်း​ စီမံကိန်း​...

Saturday, September 22, 2012

မြိတ်တွင် ၈၈ အတု ပေါ်နေတယ်

 
ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။

Thursday, September 20, 2012

တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်းဦးအောင်မင်းပြောပြီ



တိုင်းရင်းသားဒေသများရှိ စီမံကိန်းများ အကြောင်း. . .
(ဧရာဝတီ မေး၊ ၀န်ကြီး ဦးအောင်မင်းဖြေ)

မေး ။ ။ တိုင်းရင်းသားနယ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ Development project တွေကျတော့ရော၊ နိုင်ငံတော်ရဲ့ Project တွေလည်း အဲဒီမှာ ရှိတာရှိတယ်။ ကချင်မှာလည်း ရှိတယ်၊ ရှမ်းနယ်မှာလည်း ရှိတယ်။ ကရင်နယ်မှာလည်း ရှိတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းဆိုရင်လည်း အညိုရောင်နယ်မြေတွေမှာ အခု တည်ဆောက်ဖို့တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အကျိုးတူ ခံစားခွင့်ကိစ္စတွေကို တိုင်းရင်းသားဘက်က ပြောလာတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စတွေကို ၀န်ကြီး ဘယ်လိုကိုင်တွယ်ဖို့ မျှော်မှန်းထားပါသလဲ။ 

ဖြေ ။ ။ အခုကျနော်တို့ သူတို့နဲ့ စကားပြောနေတဲ့နေရာမှာ သူတို့နယ်မြေထဲမှာ ကျရောက်နေတဲ့၊ ဥပမာအားဖြင့် Project တွေ၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဒါတွေကို လုပ်မယ်ဆိုရင် သူတို့နဲ့ တိုင်ပင်ပြီးမှ၊ သဘောတူညီချက် ယူပြီးမှ လုပ်မယ်လို့ ကျနော်ပြောထားပြီးသား။ ထားဝယ်မှာ လုပ်တဲ့ Project ကတော့ ဒါအစိုးရ Project ပဲ။ အဲဒီမှာ ဖောက်မယ့် ရထားလမ်း၊ ကားလမ်းဆိုရင်တော့........


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls