Showing posts with labelိထားဝယ်သတင်း. Show all posts
Showing posts with labelိထားဝယ်သတင်း. Show all posts

Monday, July 8, 2013

ထားဝယ် ရေး ကားလမ်းပိုင်းမှာ ဂိတ်ကြေးတွေကောက်နေတာဘာအတွက်လဲ

ထားဝယ်-ရေးကားလမ်းတစ်လျှောက်ရှိ သံဖြူဇရပ်မြို့အဝင်
ထားဝယ်-ရန်ကုန် ကားလမ်းအကြားရှိ ထားဝယ်-ရေးလမ်းပိုင်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင် ကားများကို ကြားဖြတ်စစ်ဆေးရေးဂိတ် တိုးလာသဖြင့် ဂိတ်ကြေး ပိုပေးနေရသည်။
“ရေဖြူဂိတ်၊ ကလိန်အောင်ဂိတ်၊ မလွှဲတောင်ဂိတ်နဲ့ ရေးမြို့အဝင်ဂိတ်ကြီးတွေကို
ဂိတ်ကြေးပုံမှန်ပေးနေရပေမယ့် အခုကဂိတ်ကြီးတွေကြားက လုံခြုံရေး ကင်းစခန်းတွေရော လှည့်ကင်းနဲ့ဆုံတဲ့အခါ ကားကိုရပ်ပြီး ပိုက်ဆံ ပေးနေ ရတယ်” ဟု ရွှေလီအိပ်စပရက်စ် ကားသမား ဦးတင်လေးက ပြောသည်။
မှန်လုံခရီးသည်တင်ကားတစ်စီးတစ်စီးလျှင် ကျပ် ၁၀၀၀ ပေးနေရပြီး တခြားခရီးသည်တင်ကားငယ်များက ကျပ် ငါးရာ ပေးရသည်။ ၁ဝ ဘီးကုန်တင်ကားများကို ကျပ်တစ်ထောင်အထက် ပေးရသည်ဟု ကောင်းသစ်စံ ခရီးသည်တင် ကားမှ  ဦးတင်ထွန်းက ပြောသည်။
“ပုံမှန်က ဂိတ်ကြီးကိုရောက်ရင် အောက်ဆင်းလမ်းလျှောက် မှတ်ပုံတင်စစ်တယ်၊ အခုတော့ ဘာဂိတ်မှမရှိ ဘဲနဲ့ ရဲ၊ ပြည်သူ့စစ်နဲ့ စစ်တပ်ပေါင်းပြီး ဇူလိုင်လ ၁၉ ရက် နေ့က   အထူးစစ်ဆေးရေးဆိုပြီး ဂိတ်ကြီးမရောက်ခင် ကြားနေရာ တွေမှာလည်း စစ်ဆေးမှုတွေလုပ်တယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

Saturday, February 2, 2013

စက်မှုထွန်းကားမှုကြောင့် ဒေသခံတွေ နှစ်ခါပြန် ကိုလိုနီဘဝကို ခံစားရဟု Green Bike အဖွဲ့ဆို


GreenBikeTripToDawei18Green Bike (အစိမ်းရောင်စက်ဘီးစီး) ၁၄ ဦးအဖွဲ့သည် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး ခရီးစဉ်တခုအနေဖြင့် ရန်ကုန်မှ ထားဝယ်သို့ ဇန်န၀ါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၅) ရက်ကြာ ခရီးစဉ်တခု သွားခဲ့သည်။
ရေဖြူမြို့နယ်၊ ရေပုံးရွာတွင် ထမင်းစားအနားယူနေစဉ်
ခရီးစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်တဦးဖြစ်သူ ကိုသက်နိုင်က “ထားဝယ်မှာရှိတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးချင်လို့နဲ့ သူတို့နှင့်အတူ ရှိနေတယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အရေးကြီးတယ်ဆိုတာကို လူထုတွေကို အသိပေးချင်တယ်။ ပြီးတော့ ဒေသခံတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ချင်တယ်” ဟု ရှင်းပြခဲ့သည်။
၎င်းက ဆက်လက်ပြီး “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ လူတိုင်းမှာ တာဝန်ရှိတယ်။ နောက်တစ်ခုက ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ထားခဲ့မလား၊ ဖြုန်းခဲ့မလားဆိုတာ သီလ၊ သိက္ခာ၊ သမာဓိရှိရှိနဲ့ တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ကျနော်ပြောချင်တာက စက်မှုထွန်းကားလာလို့ ကုန်ကြမ်းထုတ်လုပ်မှုတွေ များလာတယ်။ လိုအပ်ချက်တွေလည်း များလာတယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုလိုနီလက်အောက်ကို နှစ်ခါပြန်ရောက်နေရသလိုမျိုး ခံစားနေရတယ်” ဟု ထားဝယ်လူထုအသံကို ရှင်းပြခဲ့သည်။

Sunday, September 16, 2012

ထားဝယ်စီမံကိန်းစာချုပ်ပြန်ချုပ်မည်ဟုဆို

ထားဝယ်အထူး စီးပွားရေးဇုန်ဧရိယာ အတွင်းရှိ လုပ်ငန်းခွင်တစ်နေရာအား
စက်တင်ဘာလအတွင်းက တွေ့ရစဉ်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၏ မူဘောင် သဘောတူစာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆို သွား မည်ဖြစ်ပြီး လက်ရှိတွင် ကြန့်ကြာနေသည့် စီမံကိန်းလုပ်ငန်းများအား လျင်မြန်စွာ အကောင်အထည် ဖော်နိုင် ရန် အစိုးရအချင်းချင်း ဆက်သွယ်မှုဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ် အထူး စီးပွား
ရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ (ယာယီ)ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

Saturday, April 28, 2012

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

Add caption
 တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး
မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls