ဇန်န၀ါရီလ(၁၀)ရက်နေ့မှစတင်ကာမွန်ပြည်နယ်၊မော်လမြိုင်ရှိသံလွင်တံတားကို
(၂၄)နာရီဖွင့်လှစ်လိုက်
ခြင်းကြောင့်
ရန်ကုန် -ထားဝယ် အဝေးပြေးကားများအနေဖြင့်မုတ္တမဘက်ကမ်းတွင်ညအိပ်ရပ်နားရန်မလိုတော့ဘဲတောက်လျှောက်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။၁၉၉၆ ခုနှစ်တွင်
“နှင်းပွင့်”အဝေးယာဉ်လိုင်းဖြင့်
ကဏ္ဍသစ်တစ်ရပ်ဖွင့်ခဲ့သည့် ထားဝယ်- ရန်ကုန်-ထားဝယ်အဝေးပြေးကားများပြေးဆွဲခဲ့ပြီး၊မုတ္တမတံတားတည်ဆောက်ပြီးစီးသည့်နောက်တွင်အချိန်ကန့်သတ်ချက်ဖြင့်တံတားဖွင့်၊ပိတ်ခြင်းကြောင့်ခရီးသွား
များအတွက်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး၊အထူးသဖြင့်
မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ပြေးဆွဲသည့်ယာဉ်လိုင်းများ မုတ္တမတံတားထိပ်တွင်ညအိပ်ရပ်နားကာတံတားဖွင့်ချိန်စောင့်ဆိုင်းခဲ့ကြရသည်။ယခုအခါတံတားကို(၂၄)နာရီဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့်ရန်ကုန်- ထားဝယ်ကားများအနေဖြင့်
ယမန်နေ့မှစတင်ကာ ထားဝယ်သို့ နံနက်(၉)နာရီခွဲအချိန်တွင်ပင်ရောက်ရှိ