 |
Add caption |
မြန်မာနိုင်ငံအနှံအပြားသို့
ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (XY-AGB-Forkker-F28)
ဖလိုက်နံပါတ်(4401) သည် ၄-၃-၂၀၁၂ နေ့တွင် စစ်တွေခရီးသည်အား ၇း၃၀
အချိန်ကွင်းချိန်းသော လေယာဉ်သည် (၁၀) နာရီ အချိန်ခန့်တွင် ခရီးသည်များကို
လေယာဉ်ပေါ်သို့ တင်ဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် စတင်ချိန်၌
လေယာဉ်၏ နောက်ဘက် ဘယ်တောင်ပံအောက်(ယာ)ဘီးမှာ ပေါက်နေကြောင်းသိရှိရ၍
ခရီးသည်များအား လေယာဉ်ပေါ်မှ ဆင်းခိုင်းပြီး နားနေဆောင်သို့
ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရသည်။
ထို့နောက် နံနက်(၁၂း၅၀) ခန့်တွင် မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်မှ
ကျောက်ဖြူသို့ ပြေးဆွဲသော လေယာဉ် (AGF-MA-60)သည် ကျောက်ဖြူလေဆိပ်သို့
မဆင်းခဲ့ဘဲ စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းလေယာဉ်ပေါ်တွင်
လဲလှယ်ရန်ပါရှိလာသော စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦးကို
စစ်တွေလေဆိပ်သို့ လာရောက်ပို့ဆောင်ပေးခဲ့သည်။
၎င်းနောက် စစ်တွေရန်ကုန်ပြေးဆွဲမည့်လေယာဉ်အမှတ် (XY-AGB-Forkker-F28)
လေယာဉ်အား ပြန်လည်ဘီးတပ်ဆင်ကာ စစ်တွေလေဆိပ်မှ နေ့လည်
(၁း၀၀)နာရီအချိန်ခန့်တွင် ရန်ကုန်သို့ ထွက်ခွာသွားကြောင်းသိရသည်။
ခိုင်မြတ်စံ(PNG) Hot News