Wednesday, January 18, 2012

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​တွင် အီတာလျံထိုင်း​က မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ ဆက်​ဆောက်​နေ

မြန်မာအစိုး ​ရက ရပ်မယ်လို့​ ​ကြေညာခဲ့​တဲ့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​က မဂ္ဂါဝပ် ၄၀၀၀ ထွက် ​ကျောက်မီး​သွေး​ဓာတ်အား​သုံး​ လျှပ်စစ်စက်ရုံစီမံကိန်း​ကို အီတာလျံ ထိုင်း​ကုမ္ပဏီက ရပ်တန့်​ခြင်း​ မရှိ​သေး​ပါဘူး​။
ဇန်နဝါရီလ ၉ ရက်​နေ့​က ရန်ကုန်မြို့​သတင်း​စာရှင်း​လင်း​ပွဲ တခုမှာ နယ်စပ်ဖွံ့​ဖြိုး​ရေး​ ပြည်​ထောင်စုဝန်ကြီး​ ဦး​ခင်​မောင်စိုး​က အီတာလျံထိုင်း​ကုမ္ပဏီရဲ့​ ၄၀၀၀ မဂ္ဂါဝပ် ​ကျောက်မီး​သွေး​ လျှပ်စစ်ဓာတ်အား​ ထုတ်လုပ်​ရေး​ စီမံကိန်း​ကို ရပ်ဆိုင်း​မယ်လို့​ကြေညာခဲ့​တာပါ။
ခုလို အတိအလင်း​ ထုတ်ပြန်​ပြောဆို​ပေမယ့်​ လက်​တွေ့​မှာ ထား​ဝယ် ​ရေနက်ဆိပ်ကမ်း​ မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ တည်​ဆောက်မှုကို အီတာလျံ ထိုင်း​ကုမ္ပဏီက ရပ်တန့်​ခြင်း​ မရှိ​သေး​ဘဲ ဆက်လက် တည်​ဆောက် ​နေဆဲလို့​ သိရပါတယ်။
အီတာလျံထိုင်း ​ ကုမ္ပဏီကိုဆက်သွယ်​မေး​မြန်း​ရာမှာ ထား​ဝယ်​ရေနက် ဆိပ်ကမ်း​စီမံကိန်း​နဲ့​ ပတ်သက်ပြီး​ မြန်မာအစိုး​ရက ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ လျှပ်စစ် ဓာတ်အား​ပေး​စက်ရုံ တည်​ဆောက်​နေတာကို ရပ်တန့်​ဖို့​ တရား​ဝင် အ​ကြောင်း​ကြား​လာတာ မရှိ​သေး​ဘူး​လို့​ ​ပြောပါတယ်။
ဒါ့​အပြင် မြန်မာအစိုး​ရက လျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့​ သဘာဝ ဓာတ်​ငွေ့​နဲ့​ ​ကျောက်မီး​သွေး​တွေကို ထုတ်​ပေး​ဖို့​ကို​တော့​ အ​ရေး​ကြီး​တဲ့​အဆင့်​မှာ ထား​ပါတယ်လို့​Italian Thai Development ကုမ္ပဏီလီမိတက် လက်​အောက်ခံ Dawei Development Company Limited (DDC) ရဲ့​ ဆက်သွယ်​ဆောင်ရွက်​ရေး​မှူး​က ​ပြောပါတယ်။
ထိုင်း​အ​ ခြေစိုက် Spririt in Education Movment အဖွဲ့​က ဒီလ အ​စောပိုင်း​ ထုတ်ပြန်ချက်မှာ အီတာလျံထိုင်း​ကုမ္ပဏီက ထား​ဝယ်​ရေနက် ဆိပ်ကမ်း​မှာ ​ဆောက်လုပ်​နေတဲ့​ ​ကျောက်မီး​သွေး​သုံး​ စက်ရုံက ရရှိမယ့်​ လျှပ်စစ်ဓာတ်အား​ ၄၀၀ မဂ္ဂါဝပ်ကို ထား​ဝယ်​ရေနက် ဆိပ်ကမ်း​က အလုပ်ရုံ​တွေမှာ သုံး​မှာဖြစ်ပြီး​ မဂ္ဂါဝပ် ၃၆၀၀ ကို​တော့​ ထိုင်း​နိုင်ငံကို ​ရောင်း​ချ​ပေး​မယ်လို့​ ပါရှိပါတယ်။
ထား​ဝယ်​ ရေနက်ဆိပ်ကမ်း​မှာ အခု ​ဆောက်လုပ်​နေတဲ့​ လျှပ်စစ်စက်ရုံက​နေ ထွက်လာမယ့်​ ကာဗွန်မို​နော့​ဆိုက် ဓာတ်​ငွေ့​တွေဟာ ထိုင်း​တနိုင်ငံလုံး​ကို လွှမ်း​နေတဲ့​ ကာဗွန်မို​နော့​ဆိုက် ဓာတ်​ငွေ့​ပမာဏရဲ့​ တဝက်နီး​ပါး​ရှိတယ်ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​ရေး​ လူထုအဖွဲ့​က အခုနှစ် ဇန်နဝါရီလ ၄ ရက်​နေ့​ ထား​ဝယ်မြို့​ ​မောင်း​မကန်မှာ ထား​ဝယ်​ဒေသခံ​တွေကို ​ကျောက်မီး​သွေး​စက်ရုံရဲ့​ အကျိုး​အဝြစ်​တွေနဲ့​ပတ်သက်ပြီး​ ရှင်း​လင်း​ခဲ့​ကြပါတယ်။
မြန်မာပြည်ကို လာ​ရောက်တဲ့​ ထိုင်း​ဝန်ကြီး​ချုပ် ရင့်​လတ်ရှင်နဝပ်ဆီကိုလည်း​ အစီရင်ခံစာ ​ပေး​ပို့​ခဲ့​ကြပါတယ်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls