Sunday, January 22, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဂျွန်မက်ကိန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ်များကိုတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီတွေ့ ရစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- ဇန်န၀ါရီ ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls