Tuesday, January 17, 2012

ရေဖြူ နှင့် သရက်ချောင်းမှာ NLD ရုံးခန်းများဆက်ဖွင့်

၁၆-၀၁-၂၀၁၂။
တနသာင်္ရီတိုင်းရုံးနဲ့ လောင်းလုံးမြိုနယ်ရုံးခန်းတွေအပြင် သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ရုံးခန်းတွေကိုလဲ ဦးလှမင်း တို့အဖွဲ့က ဆက်တိုက်ဖွင့်ပေးခဲ့ကြောင်းသိရပါတယ်။ သရက်ချောင်းမြိုနယ်ရုံးခန်းကို ၁၅-ရက်နေ တနင်္ဂနွေ မနက် ၉-နာရီမှာဖွင့်ပေးခဲ့ပြီး ရေဖြူမြိုနယ်ရုံးခန်းကိုတော့ ၁၆-ရက်နေ့ တနလ်ာမနက် ၉-နာရီမှာ ဖွင့်ပေးခဲ့တယ် လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။


၁၄-ရက်နေ့က ကျင်းပခဲ့တဲ့ ထားဝယ်မြိုက တနသာင်္ရီတိုင်း NLD ရုံးဖွင့်ပွဲ

တနလာင်္နေ့က ကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲကို ပရိတ်သတ် ၂၀၀-ကျော်တက်ရောက်ပီး ဒေါ်အောင်ဆန်း စုကြည် ဖေဖေါ်ဝါရီလအတွင်း ထားဝယ်ဒေသသို့ စည်းရုံးရေးခရီးထွက်လာဖို့ရှိတဲ့အကြောင်း ဥက္ကဌ ဦးလှမင်းက ထပ်မံအသိပေးပြောကြားခဲ့တယ်လို့ အခန်းနားကိုတက်ရောက်ခဲ့တဲ့ ပါတီဝင် လူငယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

၁၆-ရကက်နေ့ကကျင်းပတဲ့ ရေဖြူမြိုနယ်ရုံးဖွင့်ပွဲ


ထားဝယ်ဒေသဆီရောက်နေတဲ့ ဥက္ကဌ ဦးလှမင်း။ အတွင်ရေးမှုး ဦးအောင်စိုးတို့ပါဝင်တဲ့အဖွဲ့ဟာ လာမဲ့ ရက်ပိုင်းအတွင်း ပုလော။ မြိတ်။ ကျွန်းစု။ တနသာၤရီ။ ဘုတ်ပြင်းနဲ့ ကော့သောင်မြိုတွေဆီ ဆက်လက် ခရီးထွက်မယ်လို့သိရပါတယ်။



ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမတ်နေရာ ၄၈-နေရာလွတ်လပ်နေပီး
အဲဒီထဲမှာ တနသာင်္ရီတိုင်းမှ လောင်းလုံးမြိုနယ်နဲ့ ကျွန်းစုမြိုနယ် ၂-နေရာပါဝင်ကြောင်းသိရပါတယ်။ ဒီ နေရာတွေမှာဘယ်သူတွေဝင်ပြိုင်မလဲဆိုတာကို NLD ဗဟိုမှ မကြာခင် ထုတ်ပြန်ကြေငြာမယ်လို့ ပါတီဝင်တွေဆီကနေသိရှိရပါတယ်။
 
ထက်အောင်ကျော်

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international voip calls